الأربعاء، 26 أكتوبر 2011

ကုရ်အာန်အကြောင်း သိကောင်းစရာ...........

ကျမ်းမြတ်ကုရ်အာန်သည် အေဒီ၆၁၀၌ ကဒရ်ညဥ့်တွင် စတင်ကျရောက်သည်။ တမန်တော်မြတ်သက် တော်၄၀အရွယ် ဟီရာလှိုင်ဂူတွင် တရားအားထုတ်နေစဉ် (ဂျီဗရာအီလ်)ကောင်း ကင်တမန်ကြီးမှတစ် ဆင့် စူရာ၉၆ အာယတ် ၁မှ၅အထိကို စတင်ချပေးခဲ့၏။တမန်တော်မြတ်၏ တမန်တော်သက်တန်း၂၃) နှစ်တာကာလအတွင်း အလီလီချပေးခဲ့ပြီး အေဒီ၆၃၂တွင် အဆုံးသတ်ခဲ့၏။ နောက်ဆုံးကျ ရောက်ခဲ့ သော အာယတ်မှာ (၅း ၃)မှာ–
“ယနေ့သော်ကား ငါအလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြီးပြည့်စုံ တော်မူလိုက်ပြီ။ ၎င်းအပြင် ငါအရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်များကို အသင် တို့အဖို့အပြည့်အစုံချီး မြှင့်ပေးသနား တော်မူပေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသ နာကို အသင်တို့အဖို့ (ဒီန်) ဘ ၀တည်ဆောက်မှု လမ်းစဉ်အဖြစ် သဘောတူနှစ်မြို့တော် မူပေပြီ” ဟူသော အာယတ်တော်ပင် ဖြစ်သည်။
ကုရ်အာန်စုစည်းခြင်းနှင့် ထိန်းသိမ်းခြင်း
ကျမ်းတော်မြတ်ကုရ်အာန်သည် အုပ်လိုက်ကျရောက်လာခြင်း မဟုတ်ဘဲ အခါအားလျော်စွာအလီလီကျ ရောက်လာခြင်း ဖြစ်သဖြင့် တစ်စစီစုစည်း၍ တစ်စောင်တစ်ဖွဲ့အဖြစ် ပြုစုကာ ယ နေ့ခေတ်တိုင်အောင် အကွဲအလွဲ၊အမှားအယွင်း အတိမ်းအချော် မရှိအောင် ထိန်းသိမ်း ထားခြင်းဖြစ်ပေသည်။ ကျမ်းမြတ်ကုရ် အာန်ကို စုစည်းခြင်း၊ ထိန်းသိမ်းခြင်းအတွက်ကို အဓိက တာဝန်ယူခဲ့သူမှာ ကျမ်းရှင် မြတ်အလ္လာဟ်ကိုယ် တော်တိုင်ပင်ဖြစ်သည်။
“ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် ဆုံးမသြ၀ါဒတော် (ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်း(ကုရ်အာန်)ကို ထိန်းသိမ်း စောင့် ရှောက် တော်မူပေမည်။” (၁၅း ၉)
ကုရ်အာန်ကျရောက်စဉ်အခါတွင် တမန်တော်မြတ်သည် အာယတ်တော်များကို ချက်ခြင်းအလွတ်ကျက် မှတ်တော်မူ၏။ ဤသည်ကို အလ္လာဟ်က “(အို နဗီတမန်တော်) အသင်သည် ကုရ် အာန်ကျမ်းတော်မြတ် ကို အလျင် အမြန်ကျက် မှတ်အံ့သောငှာ မိမိလျှာကို မလှုပ်ပါလေနှင့်။ ဧကန်အမှန် ယင်းကုရ်အာန် ကျမ်း မြတ်ကိုစုပေါင်း ၍ပေး ခြင်းသည်လည်း ကောင်း၊ ဖတ် စေ ခြင်းသည် လည်းကောင်း၊ ငါအရှင်၏တာဝန် ဖြစ်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ကြားတော် မူသော အခါ အသင်သည် ယင်းဖတ်ကြား ချက် ကို နား ထောင်ပါလေ”(၇၅း ၁၆- ၁၈)
ထို့အပြင် တမန်တော်မြတ်သည် အာယတ်တော်များ၊ ကျလာချိန်၌ မိမိ၏ ဆွဟာဗာအချို့ကို ချက်ခြင်းရေး မှတ်စေတော်မူခဲ့သည်။ ထိုရေးထားသော အာယတ်များကို ပြန်လည်ရွတ်ဖတ် ပြ ခိုင်းပြီး စစ်ဆေးပေး တော်ခဲ့ပါသည်။ စူရာဟ်များ၏ အထားအသို အစီအစဉ်ကိုလည်း တမန် တော် မြတ်ကိုယ်တော်တိုင် ညွှန် ကြားပြသ နေရာချပေးခဲ့သည်။
အွဆ်မာန်သခင်လက်ထက်တွင် အစ္စလာမ်သာသနာ ကျယ်ပြန့်ထွန်းကားလာသည်နှင့်အမျှ လူမျိုးပေါင်းစုံ ထံသို့ ကျမ်းမြတ်ကုရ်အာန် ရောက်ရှိသွားခဲ့ရာ အချို့ဒေသများတွင် ရေးထုံးနှင့် အသံထွက် ကွဲလွဲမှုများ ဖြစ်ပေါ်သဖြင့် စံမူနှင့်တိုက်ဆိုင် စစ်ဆေးကာ ညီညွတ်အောင် ဆောင်ရွက်ပေးခဲ့သည်။
ဤသို့ဖြင့် ကျမ်းမြတ်ကုရ်အာန်သည် ခေတ်နှောင်းပိုင်း၌ ရွတ်ဆိုရန် “သရ” သင်္ကေတများ၊ ရပ်နားရန် သ င်္ကေတများ၊ ထည့်သွင်းခဲ့သည်မှလွဲ၍ တစ်လုံးတစ်ပါဒမျှ ကွဲလွဲပြောင်းလဲခြင်း မ ရှိဘဲ နှစ်ပေါင်းထောင့် လေးရာ ကျော်တိုင် တည်တံ့ခဲ့ပေသည်။ ကိယာမသ်တိုင်အောင်လည်း ထိုသို့ ပြောင်းလဲခြင်းမရှိ တည်တံ့ နေမည်သာဖြစ်သည်။
 

ليست هناك تعليقات:

إرسال تعليق